obfs4 ကဲ့သို့ အများစုသော အသွားအလာ အသွင်ပြောင်းကိရိယာများ သည် "တံတား" ကြားခံစက်များကို အသုံးပြုမှုအပေါ် မှီခိုသည်။ သာမန် Tor ကြားခံစက်များကဲ့သို့ပင် တံတားများကို လုပ်အားပေးသူများက ကိုင်တွယ်လည်ပတ်သည်။ သာမန် ကြားခံစက်များနှင့် မတူသည့်အချက်မှာ ၎င်းတို့ကို လူအများ သိစေရန် ဖော်ပြမထားပါ။ ထို့ကြောင့် အနှောင့်အယှက်သည် တံတားများကို အလွယ်တကူ ခွဲခြားမသိရှိနိုင်ပါ။

တံတားများကို အသွားအလာ အသွင်ပြောင်းကိရိယာများနှင့် တွဲသုံးခြင်းဖြင့် သင် Tor အသုံးပြုနေသည်ကို ဖုံးကွယ်နိုင်သည်။ သို့သော် သာမန် Tor ကြားခံစက်များကို အသုံးပြုခြင်းနှင့် နှိုင်းယှဉ်ပါက ချိတ်ဆက်မှု မြန်နှုန်းကျနိုင်ပါသည်။

တုပကိရိယာ (meek) ကဲ့သို့ အခြား အသွားအလာ အသွင်ပြောင်းကိရိယာများသည် တံတားများပေါ် မမှီခိုသည့် ကွဲပြားသော ဆင်ဆာဖြတ်ကျော်သည့် နည်းလမ်းများကို အသုံးပြုသည်။ ဤအသွင်ပြောင်းကိရိယာများကို အသုံးပြုရန်အတွက် တံတား လိပ်စာများကို ရယူရန် မလိုအပ်ပါ။

တံတား လိပ်စာများ ရယူခြင်း

တံတား လိပ်စာများသည် အများသုံး မဟုတ်သောကြောင့် ၎င်းတို့ကို သင်ကိုယ်တိုင် တောင်းရပါမည်။ သင့်တွင် ရွေးချယ်စရာ အနည်းငယ် ရှိပါသည် -

  • https://bridges.torproject.org/ သို့ ဝင်ကြည့်ပြီး ညွှန်ကြားချက်များကို လိုက်နာပါ၊ သို့မဟုတ်
  • Gmail သို့မဟုတ် Riseup အီးမေးလ်လိပ်စာ တစ်ခုခု သုံး၍ bridges@torproject.org သို့ အီးမေးလ်ပို့ပါ၊
  • Tor ဘရောက်ဇာအတွင်းမှ တံတားများကို ဆွဲသိမ်းရန် Moat ကို အသုံးပြုပါ။

Moat အသုံးပြုခြင်း

သင်သည် Tor ဘရောက်ဇာကို ပထမဆုံးအကြိမ် စတင်ပါက Tor ဆက်တင်များ ဝင်းဒိုးကို ဖွင့်ရန် "Tor ကွန်ရက်ဆက်တင်များ" ကို နှိပ်ပါ။ "တံတားများ" အပိုင်းတွင် "တံတား အသုံးပြုရန်" ဟူသော အမှန်ခြစ်ရန်အကွက်ကို ရွေးချယ်ပါ။ ထို့နောက် "torproject.org မှ တံတား တောင်းဆိုရန်" ကို ရွေးချယ်ပြီး BridgeDB မှ တံတား ပံ့ပိုးရန် "တံတား တောင်းဆိုရန်..." ကို နှိပ်ပါ။ CAPTCHA ကို ဖြေပြီးနောက် "တင်သွင်းရန်" ကို နှိပ်ပါ။ သင့်ဆက်တင်များကို သိမ်းဆည်းရန် "ချိတ်ဆက်ရန်" ကို နှိပ်ပါ။

ဒါမှမဟုတ် သင်သည် Tor ဘရောက်ဇာကို လည်ပတ်ထားလျှင် ဟမ်ဘာဂါမီနူး (≡) တွင် "အလေးပေး ရွေးချယ်မှု" (သို့မဟုတ် Windows ဖြစ်ပါက "ရွေးချယ်မှုများ") ကို နှိပ်ပြီးနောက် ဘေးဘားတွင် "Tor" ကို နှိပ်ပါ။ "တံတားများ" အပိုင်းတွင် "တံတား အသုံးပြုရန်" ဟူသော အမှန်ခြစ်ရန်အကွက်ကို ရွေးချယ်ပါ။ ထို့နောက် "torproject.org မှ တံတား တောင်းဆိုရန်" ကို ရွေးချယ်ပြီး BridgeDB မှ တံတား ပံ့ပိုးရန် "တံတားအသစ် တောင်းဆိုရန်..." ကို နှိပ်ပါ။ CAPTCHA ကို ဖြေပြီးနောက် "တင်သွင်းရန်" ကို နှိပ်ပါ။ တက်ဘ်ကို ပိတ်လိုက်သည်နှင့် သင့်ဆက်တင်များကို အလိုအလျောက် သိမ်းဆည်းပါမည်။

Request a bridge from torproject.org

တံတား လိပ်စာများကို ရိုက်ထည့်ခြင်း

သင်သည် Tor ဘရောက်ဇာကို ပထမဆုံးအကြိမ် စတင်ပါက Tor ဆက်တင်များ ဝင်းဒိုးကို ဖွင့်ရန် "Tor ကွန်ရက်ဆက်တင်များ" ကို နှိပ်ပါ။ "တံတားများ" အပိုင်းတွင် "တံတား အသုံးပြုရန်" ဟူသော အမှန်ခြစ်ရန်အကွက်ကို ရွေးချယ်ပါ။ "ကျွန်ုပ်သိသော တံတားဖြင့် ပံ့ပိုးရန်" ကို ရွေးချယ်ပြီး တံတား လိပ်စာတစ်ခုစီကို လိုင်းတစ်ခုစီတွင် သီးခြား ရိုက်ထည့်ပါ။ သင့်ဆက်တင်များကို သိမ်းဆည်းရန် 'ချိတ်ဆက်ရန်' ကို နှိပ်ပါ။

ဒါမှမဟုတ် သင်သည် Tor ဘရောက်ဇာကို လည်ပတ်ထားလျှင် ဟမ်ဘာဂါမီနူး (≡) တွင် "အလေးပေး ရွေးချယ်မှု" (သို့မဟုတ် Windows ဖြစ်ပါက "ရွေးချယ်မှုများ") ကို နှိပ်ပြီးနောက် ဘေးဘားတွင် "Tor" ကို နှိပ်ပါ။ "တံတားများ" အပိုင်းတွင် "တံတား အသုံးပြုရန်" ဟူသော အမှန်ခြစ်ရန်အကွက်ကို ရွေးချယ်ပါ။ "ကျွန်ုပ်သိသော တံတားကို ပေးရန်" ကို ရွေးချယ်ပြီး တံတား လိပ်စာတစ်ခုစီကို သီးခြားလိုင်းတစ်ခုစီတွင် ရိုက်ထည့်ပါ။ တက်ဘ်ကို ပိတ်လိုက်သည်နှင့် သင့်ဆက်တင်များကို အလိုအလျောက် သိမ်းဆည်းပါမည်။

Enter custom bridge addresses

ချိတ်ဆက်မှု မအောင်မြင်ပါက သင်လက်ခံရရှိသော တံတားများ ဒေါင်းနေခြင်း (down) ဖြစ်နိုင်သည်။ နောက်ထပ် တံတား လိပ်စာများ ရယူရန် အထက်ပါနည်းလမ်းများမှ တစ်ခုကို အသုံးပြုပြီးနောက် ထပ်မံကြိုးစားပါ။