Tor အသုံးပြုပါက သင့်စနစ်နာရီ (နှင့် သင်၏ ဒေသစံတော်ချိန်) ကို မှန်ကန်သော အချိန် သတ်မှတ်ထားရန် လိုအပ်သည်။
ဗိုင်းရပ်စ်တန်ပြန်ခြင်း သို့မဟုတ် အန္တရာယ်ပြုဆော့ဝဲ ကာကွယ်ခြင်းက အသုံးပြုသူများအား Tor ဘရောက်ဇာကို အသုံးမပြုနိုင်အောင် ပိတ်ဆို့ထားသည်။
တစ်ခါတစ်ရံ အန္တရာယ်ပြုဆော့ဝဲ နှင့်/ သို့မဟုတ် အားနည်းချက်များရှိကြောင်း မှားယွင်းသော သတိပေးချက်များ ကိုလည်း ပို့တတ်သည်။
ဤအကြောင်းကို ကျွန်ုပ်တို့၏ အထောက်အကူပြု ပေါ်တယ် တွင် ပိုမိုဖတ်ရှုနိုင်ပါသည်။
အောက်ပါ ဗိုင်းရပ်စ်တန်ပြန်ခြင်းနှင့် ကာကွယ်ပေးသောစနစ် ဆော့ဝဲများသည် Tor ကို နှောင့်ယှက်တတ်ကြောင်း သိရသဖြင့် ၎င်းတို့ကို ယာယီ ပယ်ဖျက်ထားရန် လိုအပ်နိုင်ပါသည် -
- Webroot SecureAnywhere
- Kaspersky Internet Security 2012
- Sophos Antivirus for Mac
- Microsoft Security Essentials
- Avast Antivirus
VPN များသည်လည်း Tor ကို နှောင့်ယှက်တတ်သောကြောင့် ပယ်ဖျက်ထားရန် လိုအပ်ပါသည်။
သင်သည် VPN နှင့် Tor နှစ်ခုလုံးကို သင့်ကိုယ်ရေးလုံခြုံမှု မထိခိုက်စေရန် ချိန်ညှိတတ်သော အဆင့်မြင့် အသုံးပြုသူ မဟုတ်ပါက ၎င်းတို့ကို တွဲမသုံးရန် ကျွန်ုပ်တို့ အကြံပြုပါသည်။
သင်သည် Tor + VPN အကြောင်း နောက်ထပ် အသေးစိတ် အချက်အလက်ကို ကျွန်ုပ်တို့၏ ဝီကီ တွင် ဖတ်ရှုနိုင်ပါသည်။
Adobe Flash အသုံးပြုရန်လိုအပ်သော ဗီဒီယိုများကို မရရှိနိုင်ပါ။
လုံခြုံရေးအတွက် Flash ကို ပယ်ဖျက်ထားပါသည်။
ပရောက်စီ သတ်မှတ်ထားပါက Tor သည် တံတားကို အသုံးမပြုနိုင်ပါ။
Tor ဘရောက်ဇာ ပက်ကေ့ချ်၏ ရက်စွဲမှာ ၂၀၀၀ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက် 00:00:00 UTC ဖြစ်သည်။
၎င်းမှာ ဆော့ဝဲတည်ဆောက်မှုတစ်ခုစီကို တိတိကျကျ ပြန်လည်ထုတ်လုပ်နိုင်ကြောင်း သေချာစေရန် ဖြစ်သည်။
Tor ဘရောက်ဇာကို သင့် နဂိုမူလ ဘရောက်ဇာ အဖြစ် သုံးရာတွင် ကြုံတတ်သော ပြဿနာများ။
Tor ဘရောက်ဇာသည် အရင်က အလုပ်လုပ်ပြီး အခု အလုပ်မလုပ်ပါက (အထူးသဖြင့် ပြန်လည်တပ်ဆင်ပြီးနောက် သို့မဟုတ် အပ်ဒိတ်လုပ်ပြီးနောက်)၊ သင့်စနစ်က ဘက်ထရီချွေတာနေခြင်း ဖြစ်နိုင်သည်။
သို့ဖြစ်ပါက ပြဿနာကို ဖြေရှင်းရန် သင့်စနစ်ကို ပိတ်၍ ပြန်ဖွင့်ပါ။
ဖိုင်တွဲ လမ်းကြောင်းတွင် ASCII မဟုတ်သော စာလုံးများ ပါဝင်လျှင် Tor သည် Windows တွင် စတင်မည်မဟုတ်ပါ။
BitTorrent ကို Tor ဖြင့်သုံးလျှင် အမည်သိနိုင်သည်။