Tor ဘရောက်ဇာသည် အချိန်တိုင်း အပ်ဒိတ်ဖြစ်နေရမည်။ အပ်ဒိတ်မဖြစ်သော ဆော့ဝဲဗားရှင်းကို ဆက်သုံးပါက သင့်ကိုယ်ရေးလုံခြုံမှုနှင့် အမည်မသိမှုကို ညှိနှိုင်းသည့် အန္တရာယ်ရှိသော လုံခြုံရေးဆိုင်ရာ အားနည်းချက်များ ကြုံရနိုင်သည်။
Tor ဘရောက်ဇာ ဗားရှင်းအသစ် ထွက်သည်နှင့် ဆော့ဝဲကို အပ်ဒိတ်လုပ်ရန် သင့်အား အသိပေးပါမည် - ဟမ်ဘာဂါမီနူး (အဓိကမီနူး) တွင် အထက်သို့ ညွှန်ပြနေသော မြားပါသည့် အစိမ်းရောင် စက်ဝိုင်းကို ပြသပါမည်။ Tor ဘရောက်ဇာကို ဖွင့်ချိန်တွင် အပ်ဒိတ်လုပ်ရန် စာဖြင့် ညွှန်ပြချက်ကို တွေ့နိုင်ပါသည်။ သင်သည် ဘရောက်ဇာကို အလိုအလျောက် သို့မဟုတ် ကိုယ်တိုင် အပ်ဒိတ်လုပ်နိုင်ပါသည်။
Tor ဘရောက်ဇာကို အလိုအလျောက် အပ်ဒိတ်လုပ်ခြင်း

Tor ဘရောက်ဇာကို အပ်ဒိတ်လုပ်ရန် သင့်အား အသိပေးချက်ပို့လျှင် ဟမ်ဘာဂါမီနူး (အဓိကမီနူး) ကို ကလစ်နှိပ်ပြီး "Tor ဘရောက်ဇာ အပ်ဒိတ်လုပ်ရန် ပြန်လည်စတင်ပါ" ကို ရွေးချယ်ပါ။

အပ်ဒိတ်ကို ဒေါင်းလုဒ်လုပ်ပြီး တပ်ဆင်ပြီးရန် စောင့်ပါ။ ထို့နောက် Tor ဘရောက်ဇာသည် ပြန်လည်စတင်ပါမည်။ သင်သည် ယခုအခါ နောက်ဆုံးထွက် ဗားရှင်းကို အသုံးပြုလည်ပတ်နေပါပြီ။
Tor ဘရောက်ဇာကို ကိုယ်တိုင် အပ်ဒိတ်လုပ်ခြင်း
Tor ဘရောက်ဇာကို အပ်ဒိတ်လုပ်ရန် သင့်အား အသိပေးချက်ပေးပို့လျှင် လက်ရှိ ရှာဖွေနေသော ကာလအပိုင်းအခြားကို ပြီးအောင်လုပ်ပြီး ပရိုဂရမ်ကို ပိတ်ပါ။
Tor ဘရောက်ဇာပါသော ဖိုင်တွဲကို ဖျက်ပြီး Tor ဘရောက်ဇာကို သင့်စနစ်မှ ဖယ်ရှားပါ (နောက်ထပ် သိလိုပါက ဖယ်ထုတ်ခြင်း ကို ကြည့်ပါ)။
https://www.torproject.org/my/download/ သို့ ဝင်ကြည့်ပြီး နောက်ဆုံးထွက် Tor ဘရောက်ဇာ၏ မိတ္တူကို ဒေါင်းလုဒ်လုပ်ပြီးနောက် အရင်အတိုင်း တပ်ဆင်ပါ။