အကောင့်ဝင်ရန် စကားဝှက်ကဲ့သို့ ကိုယ်ရေးအချက်အလက်ကို ကုဒ်ဖြင့်မပြောင်းဘဲ အင်တာနက်မှ ပို့ပါက ခိုးကြည့်သူက အလွယ်တကူ ကြားဖြတ်ရယူနိုင်သည်။ မည်သည့်ဝက်ဘ်ဆိုက်သို့ လော့ဂ်အင်ဝင်သည်ဖြစ်စေ၊ ထိုဝက်ဘ်ဆိုက်တွင် HTTPS ကုဒ်ဖြင့်ပြောင်းလဲခြင်း ရှိကြောင်း သေချာအောင်လုပ်သင့်သည်။ HTTPS သည် ခိုးကြည့်ခံရခြင်းမှ ကာကွယ်ပေးပြီး ၎င်းကို URL ဘားတွင် စစ်ဆေးနိုင်သည်။ သင့်ချိတ်ဆက်မှုကို ကုဒ်ဖြင့်ပြောင်းလဲထားပါက လိပ်စာသည် “http://” အစား “https://” ဖြင့် စပါမည်။

အောက်ပါပုံတွင် Tor ဘရောက်ဇာနှင့် HTTPS ကုဒ်ဖြင့်ပြောင်းလဲမှုကို သင် အသုံးပြုချိန်နှင့် အသုံးမပြုချိန်၌ ခိုးကြည့်သူများ မြင်နိုင်သော အချက်အလက်ကို ပြထားသည် -

  • သင် Tor ကို အသုံးပြုစဉ် စောင့်ကြည့်သူများ မြင်နိုင်သော ဒေတာကို ကြည့်ရန် "Tor" ခလုတ်ကို နှိပ်ပါ။ Tor ကို ဖွင့်ထားကြောင်း သိနိုင်ရန် ခလုတ်သည် အစိမ်းရောင် ပြောင်းသွားပါမည်။
  • သင် HTTPS ကို အသုံးပြုစဉ် စောင့်ကြည့်သူများ မြင်နိုင်သော အချက်အလက်ကို ကြည့်ရန် "HTTPS" ခလုတ်ကို နှိပ်ပါ။ HTTPS ကို ဖွင့်ထားကြောင်း သိနိုင်ရန် ခလုတ်သည် အစိမ်းရောင် ပြောင်းသွားပါမည်။
  • ခလုတ်နှစ်ခုလုံး စိမ်းနေချိန်တွင် ကိရိယာနှစ်ခုလုံးကို သင်အသုံးပြုချိန်၌ စောင့်ကြည့်သူများ မြင်နိုင်သော အချက်အလက်ကို တွေ့ရပါမည်။
  • ခလုတ်နှစ်ခုလုံး မီးခိုးရောင် ဖြစ်နေချိန်တွင် သင် ကိရိယာများကို အသုံးမပြုချိန်၌ စောင့်ကြည့်သူများ မြင်နိုင်သည့် အချက်အလက်ကို တွေ့ရပါမည်။



မြင်နိုင်ခြေရှိသော အချက်အလက်
Site.com
ဝင်ကြည့်နေသာ ဝဘ်ဆိုက်။
အသုံးပြုသူ / စကားဝှက်
စစ်မှန်ကြောင်း သက်သေပြရန် အသုံးပြုသော အသုံးပြုသူအမည်နှင့် စကားဝှက်။
အချက်အလက်
ထုတ်လွှင့်နေသော အချက်အလက်။
တည်နေရာ
ဝက်ဘ်ဆိုက်သို့ ဝင်ကြည့်ရန် အသုံးပြုသော ကွန်ပျူတာ၏ ကွန်ရက်တည်နေရာ (အများသုံး IP လိပ်စာ)။
Tor
Tor အသုံးပြုနေခြင်း ရှိ၊ မရှိ။