Tor ဘရောက်ဇာသည် သင်ရှာဖွေနေသော အချက်အလက်ကို ကုဒ်ဖြင့်ပြောင်းလဲ၍ သင့်လုံခြုံရေးကို ပုံသေ ကာကွယ်ပေးသည်။ သင်၏ လုံခြုံရေးနှင့် အမည်မသိမှုကို ညှိနှိုင်းရန် အသုံးပြုနိုင်သော ဝက်ဘ်ဆိုက်အပြင်အဆင်အချို့ကို ပယ်ဖျက်ရန် ရွေးချယ်၍ သင့်လုံခြုံရေးကို ထပ်မံတိုးမြှင့်နိုင်ပါသည်။ သင်သည် ဒိုင်းပုံ မီနူးရှိ Tor ဘရောက်ဇာ၏ လုံခြုံရေး အဆင့်များကို မြှင့်ခြင်းဖြင့် ထိုသို့ ပြုလုပ်နိုင်သည်။ Tor ဘရောက်ဇာ၏ လုံခြုံရေးအဆင့်ကို မြှင့်ခြင်းကြောင့် အချို့ဝက်ဘ်စာမျက်နှာများသည် မှန်ကန်စွာ မဆောင်ရွက်နိုင်ဘဲ ရှိလိမ့်မည်။ ထို့ကြောင့် သင့်လုံခြုံရေး လိုအပ်ချက်များကို သင့်အတွက် လိုအပ်သော အသုံးပြုနိုင်မှုအတိုင်းအတာနှင့် ချိန်ဆသင့်သည်။

လုံခြုံရေး ဆက်တင်များကို အသုံးပြုခြင်း

Tor ဘရောက်ဇာ၏ URL ဘား ဘေးတွင်ရှိသော ဒိုင်းပုံ အိုင်ကွန်ကို နှိပ်ခြင်းဖြင့် လုံခြုံရေး ဆက်တင်များကို ဝင်ရောက်သုံးစွဲနိုင်သည်။ သင့်လုံခြုံရေး ဆက်တင်များကို ကြည့်ပြီး ချိန်ညှိရန် ဒိုင်းပုံ မီနူးရှိ 'အဆင့်မြင့် လုံခြုံရေး ဆက်တင်များ…' ခလုတ်ကို နှိပ်ပါ။

Click on 'Advanced Security Settings' under the shield menu.

လုံခြုံရေးအဆင့်များ

Tor ဘရောက်ဇာ လုံခြုံရေး ဆက်တင်များရှိ လုံခြုံရေးအဆင့်ကို မြှင့်ခြင်းက ဖြစ်နိုင်ခြေရှိသော အတိုက်အခိုက်များမှ ကာကွယ်ရန် ဘရောက်ဇာ၏ အပြင်အဆင်အချို့ကို ပယ်ဖျက်ပါမည် သို့မဟုတ် တစ်စိတ်တစ်ပိုင်း ပယ်ဖျက်ပါမည်။ လုံခြုံရေးအဆင့်ကို ချိန်ညှိပြီး ဤဆက်တင်များကို အချိန်မရွေး ပြန်ဖွင့်နိုင်ပါသည်။

Security Level is currently set to Standard.

စံချိန်မီ
  • ဤအဆင့်တွင် Tor ဘရောက်ဇာနှင့် ဝက်ဘ်ဆိုက် အပြင်အဆင်အားလုံးကို ဖွင့်ထားသည်။
ပိုလုံခြုံ
  • ဤအဆင့်တွင် အန္တရာယ်ပေးတတ်သော ဝက်ဘ်ဆိုက် အပြင်အဆင်များကို ပယ်ဖျက်သည်။ ထို့ကြောင့် အချို့ဝက်ဘ်ဆိုက်များကို အသုံးပြုရာတွင် လုပ်ဆောင်နိုင်စွမ်း လျော့နည်းနိုင်သည်။

  • JavaScript ကို HTTPS မဟုတ်သည့် ဝက်ဘ်ဆိုက်အားလုံးတွင် ပယ်ဖျက်ထားသည်။ ဖောင့်အချို့နှင့် သင်္ချာသင်္ကေတအချို့ကို ပယ်ဖျက်ထားသည်။ အသံနှင့် ဗီဒီယို (HTML5 မီဒီယာ) ကို ကလစ်နှိပ်လျှင် ဖွင့်နိုင်သည်။

အလုံခြုံဆုံး
  • ဤအဆင့်သည် တည်ငြိမ်သည့် ဝက်ဘ်ဆိုက်များနှင့် အခြေခံ ဝန်ဆောင်မှုများအတွက် လိုအပ်သော ဝက်ဘ်ဆိုက် အပြင်အဆင်များကိုသာ ခွင့်ပြုသည်။ ဤအပြောင်းအလဲများသည် ပုံရိပ်များ၊ မီဒီယာနှင့် scripts (ရိုးရိုးပရိုဂရမ်များ) ကို ထိခိုက်စေသည်။

  • Javascript ကို ဝက်ဘ်ဆိုက်အားလုံးတွင် ပုံသေ ပယ်ဖျက်ထားသည်။ အချို့သော ဖောင့်များ၊ အိုင်ကွန်များ၊ သင်္ချာသင်္ကေတများနှင့် ပုံရိပ်များကို ပယ်ဖျက်ထားသည်။ အသံနှင့် ဗီဒီယို (HTML5 မီဒီယာ) ကို ကလစ်နှိပ်၍ ဖွင့်နိုင်သည်။